Monday, December 22, 2025
Home » မြင်းခြံ-ပုဂံညောင်ဦးလမ်းတွင် စစ်ကောင်စီကား၂စီးတိုက်ခိုက်ခံရပြီးနောက် ၂ရက်ဆက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

မြင်းခြံ-ပုဂံညောင်ဦးလမ်းတွင် စစ်ကောင်စီကား၂စီးတိုက်ခိုက်ခံရပြီးနောက် ၂ရက်ဆက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

0 33
33

စစ်ကောင်စီဘက်မှ အရာရှိ၁ဦးအပါအဝင် ၁၁ဦးသေဆုံး

မန္တလေးတိုင်း၊ တမိုက်သာကျေးရွာမှ မြင်းခြံ-ပုဂံညောင်ဦးလမ်းအတိုင်းထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားအင်အား ၁၅ဦးပါ Alphardကား ၂စီးကို မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းမှ မြင်းခြံ-ပုဂံညောင်ဦးလမ်းဘေး ကားလမ်းတစ်လျှောက်တွင် ကင်းပုန်းဝပ်ပြီးတော့ ခြုံခို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ၁ဦး၊ တပ်သား၂ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရ စစ်ကောင်စီတပ်သားတွေနဲ့ သေဆုံး စစ်ကောင်စီတပ်သားအလောင်းတွေ ကိုမြင်းခြံ ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရှိရပါတယ်။

ဇူလိုင်လ ၁၉ရက်နေ့က တိုက်ခိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာနေရာကို မြင်းခြံမှ‌ စစ်ကောင်စီရဲ့ သီတာယုမွန်ဦးဆောင်တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူ‌စောထီးအင်အား ၁၅၀ လာရောက်ခဲ့ရာ ဇူလိုင်လ ၂၀ရက် နံနက်၈နာရီအချိန်တွင် မြင်းခြံခရိုင်တပ်ရင်း(၃)လက်ရုံး ဒရုန်းတပ်ဖွဲ့မှ MultiRotor Drone 2 စီးဖြင့် Drop Bomb ၃၄လုံးကြဲချတိုက်ခိုက်ခဲ့ပြီး သီတာယုမွန်ဦးဆောင်စစ်ကြောင်းဘက်မှ ပြန်လည်တိုက်ခိုက်ဖို့ ဒရုန်းဆင်နေတဲ့ နေရာအားကို တိတိကျကျထိမှန်ခဲ့တာကြောင့် စစ်‌ကောင်စီတပ်သားတွေနဲ့ ပျူ ၈ဦးထပ်မံသေဆုံးခဲ့ပြီး ဒရုန်းတွေလည်းပျက်စီးသွားတယ်လို့သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုဖြစ်စဉ်အပြီး မြေပြင်မှာလည်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး နံနက်၁၁နာရီ ခွဲအချိန်မှာ သီတာယုမွန်စစ်ကြောင်းဟာ မြင်းခြံဘက်ကိုပြန်လည် ဆုတ်ခွာခဲ့တယ်လို့ သိရှိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ တစ်မိုက်သာရွာမှာ တပ်စွဲစဉ်အတွင်း ဇူလိုင်လ ၃ ရက်နေ့ကလည်း အပြစ်မဲ့ပြည်သူတစ်ဦးကို သတ်ဖြတ်ခဲ့ပါသေးတယ်။

အဲ့ဒီ တိုက်ခိုက်မှုတွေနဲ့စပ်လျဉ်းပြီးတော့ တောင်သာ ပကဖ တာဝန်ခံ တစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ “ဇူလိုင် ၁၉ ရက်အာဇာနည်နေ့နဲ့ ၊ ဇူလိုင်၂၀ရက်တွေမှာ မြင်းခြံ-ညောင်ဦးလမ်းပိုင်းက အကြမ်းဖက်စခတွေနဲ့ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာထိတွေ့မှုတွေရှိခဲ့ပါတယ်။၁၉ရက်နေ့က တမိုက်သာမှာတပ်စွဲထားတဲ့ စ‌စ်ခွေးနဲ့ပျူခွေးအင်အား ၁၅ယောက်ခန့်ပါတဲ့ Alphard နှစ်စီး မြင်းခြံဘက်ကိုထွက်သွားတယ်လို့ သတင်းရတဲ့အတွက် မြင်းခြံ-ညောင်ဦး လမ်းပိုင်းမှာလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်တွေကို မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းနဲ့ ကျွန်တော်တို့မိတ်ဖက်အင်အားစုတွေ ကင်းပုန်းဝပ် ပျောက်ကြားတိုက်ခိုက်ခဲ့တာပါ။သူတို့ဘက်က တိုက်ခိုက်ခံရတာကို မကျေနပ်လို့ အဲ့နေရာကို သီတာယုမွန်ဦးဆောင်တဲ့ စစ်‌ေ ခွးတွေနဲ့ပြည်သူ့စစ် ပူးပေါင်းပြီး အင်အား ၁၅၀ လောက်နဲ့ပြန်လာတဲ့အတွက် ကျွန်တော်တို့တော်လှန်ရေးအဖွဲ့တွေနဲ့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ” လို့ BBM ကိုပြောပါတယ်။

၂ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် ၁၁ဦးသေဆုံးပြီး ၉ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အဲ့ဒီ တိုက်ခိုက်မှု့မှာ မြင်းခြံခရိုင်တပ်ရင်း(၃)လက်ရုံး ဒရုန်းတပ်ဖွဲ့နဲ့အတူ တောင်သာ ပကဖ၊ မလှိုင် ပကဖတို့ပူးပေါင်းပါဝင်ခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း(၃) ဘက်ကနေလည်း သတင်းထုတ်ပြန်ထားပါတယ်။

Leave a Comment

Latest Post

Latest Post