Tuesday, November 4, 2025
Home » ဂေါဝန်ဆိပ်ကမ်းမှလာတဲ့ စစ်သင်္ဘော(၅)စီးပါ သင်္ဘောအုပ်ကို မန္တလေးPDFနဲ့ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်

ဂေါဝန်ဆိပ်ကမ်းမှလာတဲ့ စစ်သင်္ဘော(၅)စီးပါ သင်္ဘောအုပ်ကို မန္တလေးPDFနဲ့ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်

0 21
21

မန္တလေးမြို့ ၊ဂေါဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော(၅)စီးပါ သင်္ဘောအုပ်ကို မန္တလေး PDFနဲ့ဒေသတော်လှန်ရေးတပ်ဖွဲ့များကပူးပေါင်းကာ ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)တပ်ဖွဲ့မှ ရုပ်သံနဲ့တကွ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအနေနဲ့ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်နေ့ကစပြီး လက်နက်၊ခဲယမ်းနဲ့ရိက္ခာသယ်ဆောင်လာတဲ့ စစ်သင်္ဘော(၅)စီးပါ စုစုပေါင်းသင်္ဘော(၁၄)စီး သင်္ဘောအုပ်ဖြင့် ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာချိန် မန္တလေးPDFနဲ့တော်လှန်ရေးပူးပေါင်းတပ်များက

မန္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တစ်လျှောက်မှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

” ကျွန်တော်တို့ ထုတ်ပြန်တဲ့Video fileက မန္တလေးမြို့၊ဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ပထမအသုတ်အနေနဲ့ ဆန်တက်လာတဲ့ စစ်သင်္ဘော(၅)စီးပါတဲ့ သင်္ဘောအုပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နဲ့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေစုပေါင်းပြီးတော့ မတ္တရာ၊စဥ့်ကူး၊ သပိတ်ကျင်း မြစ်ကြောင်းတစ်လျှောက် ကျွန်တော်တို့ပိတ်ဆို့တိုက်ခိုက်ထားတဲ့ ရုပ်သံဖိုင်ဖြစ်ပါတယ်ဗျ”ဟု မန္တလေးPDFတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က BBM ကိုပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က လက်နက်၊ခဲယမ်း၊ရိက္ခာသယ်ဆောင်လာတဲ့ သင်္ဘော(၁)စီးလုံးဝနစ်မြှပ်ခဲ့ပြီး စစ်သင်္ဘောအပါ အခြားနောက်ထပ်သင်္ဘော(၂)စီးကိုလည်း မီးလောင်ပျက်စီးမှုများအောင် တော်လှန်ရေးအင်အားစုတွေဘက်က လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်ပျက်စီးပြီးထိခိုက်မှုကြီးကြီးမားမားရှိသွားတဲ့ အဆိုပါသင်္ဘော(၃)စီးကို အခြားကျန်

သင်္ဘောများက ဘေးနှစ်ဖက်မှဝန်းရံပြီး အထက်ထိဆက်လက်ဆန်တက်သွားတယ်လို့လည်း ၎င်းမှဆက်ပြောပါတယ်။

“တိုက်ခိုက်မှုတွေအတွင်း မီးလောင်ပျက်စီးသွားတဲ့ စစ်သင်္ဘော(၃)စီးကို ကျန်တဲ့သင်္ဘောတွေက ဘေး(၂)ဖက်က ရံပြီး အထက်ကိုဆန်တက်သွားတာရှိပါတယ်”

အဆိုပါ တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီရဲ့ သင်္ဘော(၄)စီးထိခိုက်နစ်မြှပ်ပျက်စီးသွားခဲ့ရတယ်ဆိုပေမဲ့ စကစ သေဆုံးမှုစာရင်းကိုတော့ မသိရသေးကြောင်းနဲ့ မန္တလေး PDF အပါအဝင် မိတ်ဖက် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်အာဏာရှင်စနစ်အမြစ်ဖျက်ရေးတိုက်ပွဲတွေကို စဥ်ဆက်မပြတ်ဖော်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

Leave a Comment

Latest Post

Latest Post