Monday, December 22, 2025
Home » မလှိုင်မြို့နယ်အတွင်းကို စစ်‌ကောင်စီက စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်

မလှိုင်မြို့နယ်အတွင်းကို စစ်‌ကောင်စီက စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်

0 20
20

ပြည်သူ ၃ဦး လက်နက်ကြီး ထိမှန်သေဆုံးပြီး ၃ဦး ထိခိုက်ဒဏ်ရာရရှိ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ၊ ရန်ကုန်-မန္တလေး အမြန်လမ်းဘေးရှိကျေးရွာတွေကို အခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်တပ်က မြေပြင်စစ်ကြောင်းတွေခွဲကာ စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးရမ်းသန်းပစ်ခတ်ခြင်းတွေ ပြုလုပ်နေတာကြောင့် ‌‌လူ‌နေအိမ်များမီးလောင်ပျက်စီးခဲ့ပြီး အပြစ်မဲ့ပြည်သူထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်အရ သိရပါတယ်။

ဇူလိုင်လ၂၂ရက် နေ့လည် ၁နာရီခန့်အချိန်မှာ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်၃၁၈မှ ဝင်ရောက်လာတဲ့ အင်အား ၁၈၀ ပါစစ်ကောင်စီစစ်ကြောင်းဟာ မလှိုင်မြို့နယ်၊ အောင်သာကျေးရွာ၊ စည်ကြီးဆွဲဘုရားမှာ ဝင်ရောက်တပ်စွဲရာ အောင်သာရွာအနီးမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စည်ကြီးဆွဲဘုရားမှာ တပ်ဆွဲထားတဲ့ စစ်ကောင်စီဘက်မှ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ရာ အောင်သာရွာအနီး လက်စွေ့ကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၃ဦးလက်နက်ကြီး ထိမှန်သေဆုံးပြီး၊ ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အမြန်လမ်း မိုင်တိုင် ၃၁၈အနီးမှာ စစ်ကောင်စီရဲကားတိုက်ခိုက်ခံရပြီးနောက်ပိုင်း မလှိုင်နယ်အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ အကြမ်းဖက်စစ်ကောင်စီလော်ဘီတွေကလည်း ဆက်တိုက် လှုံ့ဆော်လျက်ရှိနေပါတယ်။

“အောင်သာဘက်ကနေ တိုက်ပွဲစဖြစ်ကြတယ်၊ စစ်ခွေးတွေနဲ့‌‌ တော်လှန်ရေးတပ်ဖွဲ့တွေအပြန်အလှန်ပေါ့။ တိုက်ပွဲဖြစ်ပြီး‌တော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြန်ဆုတ်သွားတယ်။ အဲ့ဒီနောက် လက်စွေ့ရွာထဲမှာအပြန်အလှန်ပစ်ခတ်ကြသေးတယ် စစ်တပ်ဘက်က‌နေ လက်နက်ကြီးနဲ့ရွာထဲပစ်တယ်။ အိမ်၃အိမ်မီးလောင်တယ်။ လူ၆ယောက်ထိတယ်။ ၃ယောက်သေတယ် ၃ယောက်ဒဏ်ရာရတယ် လက်နက်ကြီးထိလို့မီးလောင်တဲ့အိမ်တွေကိုတော့ တော်လှန်ရေးရဲဘော်တွေက မီးငြိမ်းပေးသွားတယ်။ ခုလောလောဆယ်တော့ စစ်တပ်ကလက်စွေ့ရွာထဲမှာ တပ်စွဲထားတယ်၊ ရွာထဲကလူ‌နေအိမ်တွေဖျက်စီးတယ်၊ ကြက်တွေဝက်‌တွေသတ်စားတယ်၊ ဆန်အိတ်နှမ်းအိတ်တွေယူတယ်၊ တစ်ရွာလုံးရှောင်နေရတယ်”လို့ ဒေသခံရွာသားတစ်ဦးကပြောပါတယ်။

Leave a Comment

Latest Post

Latest Post