Wednesday, August 27, 2025
Home » ဖားကန့်ဗျူဟာကုန်းအနီးရှိ ညောင်ပင်ကုန်း စခန်းကို KIA နဲ့ PDFတွေ ထပ်မံလက်လွှတ်ရ

ဖားကန့်ဗျူဟာကုန်းအနီးရှိ ညောင်ပင်ကုန်း စခန်းကို KIA နဲ့ PDFတွေ ထပ်မံလက်လွှတ်ရ

0 11
11

အဆိုပါစခန်းနဲ့အတူ မှော်တောင်မှာရှိတဲ့ လုံခြုံရေးဂိတ်စခန်းကိုပါတော်လှန်ရေးဘက်မှ ဆုတ်ပေးလိုက်ရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ စစ်ကောင်စီရဲ့ ဖားကန့်ဗျူဟာကုန်းအနီးရှိ ရှရော်ခ ကျေးရွာအဝင်၊ ညောင်ပင်ကုန်း စခန်းကို စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုး တိုက်ခိုက်လာတာကြောင့် KIAနဲ့ PDF တပ်ဖွဲ့တွေမှ လက်လွှတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

၂၀၂၅ခုနှစ်၊ သြဂုတ်လ၁ရက်(မနေ့)က နေ့ခင်းပိုင်းလောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့များဟာ ရှရော်ခ ကျေးရွာအဝင်မှာရှိတဲ့ အဆိုပါ ညောင်ပင်ကုန်း စခန်းကို စစ်ကြောင်းထိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့မနက်အစောပိုင်းမှာတော့ စကစ မှ စခန်းကို ပြန်ရသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါ ညောင်ပင်ကုန်းစခန်းဟာ စစ်ကောင်စီ ဖားကန့်ဗျူဟာကုန်းနဲ့ရင်ဆိုင်ထားတဲ့ ကုန်းတစ်ခုဖြစ်ပြီး အဆိုပါဗျုဟာကုန်းကို လက်နက်ကြီးဖြင့် အနီးကပ်ပစ်ခတ်နိုင်တဲ့ နောက်ဆုံးကုန်းလည်းဖြစ်တယ်လို့ သိရပါတယ်။

“ညောင်ပင်ကုန်းက ဖားကန့်ဗျုဟာကုန်းကို လက်နက်ကြီးနဲ့ပစ်လို့ရတဲ့ တော်လှန်ရေးအဖွဲ့တွေထိုင်ထားတဲ့နောက်ဆုံးကုန်းပဲ၊ အဲ့တာ မနေ့ နေ့ခင်းပိုင်းက စ စစ်ကြောင်းထိုးတာ ဒီနေ့မနက်က ပြန်ပါသွားပြီ၊ ‌စခန်းမှာက အင်အားအများကြီး ထိုင်ထားတာတော့ မဟုတ်ဘူးဗျ။ ဒါမယ့် အရေးပါတဲ့ ကုန်းတစ်ခုပဲ”ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။

စစ်ကောင်စီအနေဖြင့် အရင်ကတည်းက ၎င်းတို့ဗျူဟာကုန်းကို ခြိမ်းခြောက်နိုင်တဲ့ အနီးရှိ အမှိုက်ပုံကျေးရွာ၊ မော်မောင်းလျှံ ကျေးရွာတို့ကို စစ်ကြောင်းထိုးရှင်းလင်းတာတွေပြုလုပ်ထားပြီး အခုနောက်ဆုံးမှသာ ညောင်ပင်ကုန်းစခန်းကို တိုက်ခိုက်ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါတင်မက တော်လှန်ရေးတပ်ဖွဲ့တွေအနေဖြင့် အဆိုပါညောင်ပင်ကုန်းစခန်းကို ဆုတ်ခွါပေးခဲ့ရတဲ့အပြင် လုံခြုံရေးအခြေအနေကြောင့် ဒီနေ့မနက်မှာပဲ ဆန်းကြွယ်(မှော်တောင်း)က ဂိတ်စခန်းတစ်ခုကိုလည်း ဆုတ်ပေးခဲ့ရတယ်လို့ ၎င်းမှဆက်ပြောပါတယ်။

“လုံခြုံရေးအခြေအနေကြောင့် ညောင်ပင်ကုန်းနဲ့တစ်ပြိုင်တည်း ဆန်းကြွယ်(မှော်တောင်း) က လုံခြုံရေးစခန်းတစ်ခုလည်း ဆုတ်သွားတယ်”

စစ်ကောင်စီအနေနဲ့ ဖားကန့်မြို့နယ်အတွင်းကို တပ်မ(၃၃) အဓိကပါဝင်တဲ့ စစ်ကြောင်းတွေဖြင့် ၂၀၂၅ခုနှစ် မေလ လောက်ကစတင် ထိုးစစ်ဆင်လာခဲ့တာဖြစ်ပြီး ဖားကန့်မြို့နယ်ရဲ့ စိုးမိုးကုန်းဖြစ်တဲ့ မော်မောင်းကုန်းနဲ့ လမောင်းကုန်းတို့ သိမ်းပိုက်နိုင်ဖို့အတွက် ဆက်လက်စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

Leave a Comment

Latest Post

Latest Post