ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေကြောင့် လောင်စာဆီချွေတာဖို့အတွက် ပြည်တွင်းရှိ ပုဂ္ဂလိကယာဥ်များအားလုံး စုံရက်များတွင် စုံ နံပါတ်အက္ခရာယာဥ်များ၊ မ ရက်များတွက် မ နံပါတ်အက္ခရာယာဥ်များသာ မောင်းနှင်ရမယ်လို့ စစ်ကောင်စီရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ)က ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိ အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ရေးပဋိပက္ခတွေကြောင့် လောင်စာဆီတင်သွင်းတဲ့ သင်္ဘောတွေဟာ ပို့ဆောင်ရာရေလမ်းကြောင်းတစ်လျှောက် အတားအဆီး အဟန့်အတားပိတ်ဆို့မှုတွေရှိနေတယ်လို့ ကာလုံက ဆိုပါတယ်။
ဒါကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနဲ့ ဖူလုံမှုရရှိရေးအတွက် လာမဲ့ မတ်လ၇ ရက်နေ့ကစတင်ကာ EVကား၊ဆိုင်ကယ်တွေကလွဲပြီးကျန်ပုဂ္ဂလိကယာဥ်များ၊ လုပ်ငန်းသုံးယာဥ်များနဲ့ သယ်ယူပို့ဆောင်ရေးယာဥ်များအနေနဲ့ စုံရက်များမှာ စုံ နံပါတ်အက္ခရာပါတဲ့ယာဥ်များ(ဥပမာ2A/4Aစသဖြင့်) ၊ မ ရက်များမှာ မ နံပါတ်ပါတဲ့ယာဥ်များ(ဥပမာ 1A/3Aသာ မောင်းနှင်ရမယ်လို့ သိရပါတယ်။
ဒါပေမဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဥ်တွေ၊ အဌားယာဥ်တွေ၊ စက်သုံးဆီသယ်ယူပို့ဆောင်ရေးယာဥ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဥ်တွေ၊ ကုန်စည်ပို့ဆောင်ရေးယာဥ်တွေ၊ လူနာတင်/နိဗ္ဗာန်ယာဥ်တွေနဲ့ စည်ပင်အမှိုက်သိမ်းယာဥ်များအနေနဲ့ကတော့ ပုံမှန်အတိုင်းအသုံးပြုနိုင်တယ်လို့လည်း သိရပါတယ်။
ဒါတင်မက စက်သုံးဆီလုပ်ငန်းရှင်တွေ၊ ပြည်သူတွေအနေနဲ့ စက်သုံးဆီတွေကို ဝယ်ယူစုဆောင်းတာတွေ၊ စျေးနှုန်းမြှင့်တင်တာတွေမပြုလုပ်ရန်နဲ့ သတ်မှတ်ထားတဲ့စည်းကမ်းချက်အားလုံးကို နောက်ထပ်တစ်စုံတစ်ရာထုတ်ပြန်မှုမလုပ်မချင်းအတည်ဖြစ်ရုံသာမက စည်းကမ်းချက်တွေကို မလိုက်နာရင် တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့လည်း စစ်ကောင်စီ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ထုတ်ပြန်ကြေငြာထားပါတယ်။
3 comments
Is the Taya777club a real VIP experience? I am curious to know more about what perks it has! Let me know taya777club.
So, is Donalyn Jilibet the real deal? Hearing buzz. Gotta investigate myself! Check it: donalyn jilibet
Anyone else tried the taya777 download? I did, and so far, so good! Seems legit and the games are fun.