Monday, December 22, 2025
Home » ညောင်ဦးမြို့နယ်ရှိ တောင်ဇင်းရဲစခန်းကို စစ်ကောင်စီရဲ့ သံချပ်ကား၃စီး နဲ့ စစ်ကား၃စီး ထပ်မံအားဖြည့်ထား

ညောင်ဦးမြို့နယ်ရှိ တောင်ဇင်းရဲစခန်းကို စစ်ကောင်စီရဲ့ သံချပ်ကား၃စီး နဲ့ စစ်ကား၃စီး ထပ်မံအားဖြည့်ထား

0 30
30

🟥အနီးအနားရှိ လေထိုးဆိုင်ရှေ့မှာ ဂိတ်ချပြီး ကုန်တင်ကားနဲ့ လိုင်းကားများကို ဆက်ကြေးတောင်းခံနေ

မန္တလေးတိုင်း‌ဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ စစ်ကောင်စီရဲ့ တောင်ဇင်းစခန်းကို သံချပ်ကာကား ၃စီးနဲ့ စစ်ကား ၃စီး ထပ်မံအင်အား ဖြည့်တင်းထားတယ်လို့ ဒေသခံတစ်ဦးက BBMကိုပြောပါတယ်။

၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့ မနက် ၁၁နာရီ၀န်းကျင်မှာ ညောင်ဦးမြို့နယ်ရှိ စစ်ကောင်စီရဲ့ တောင်ဇင်းစခန်းကို သံချပ်ကာကား ၃စီးနဲ့ စစ်ကား ၃ စီးထပ်မံအားဖြည့်ထားပြီး အဲ့ဒီရဲစခန်းမြောက်ဘက်မှာရှိတဲ့ ၁ဖာလုံခန့်ရှိတဲ့ လေထိုးဆိုင်အရှေ့မှာ ကုန်တင်ကားတွေနဲ့ လိုင်းကားတွေကို စစ်ကောင်စီ တပ်သားတွေက ဆက်ကြေးတောင်းခံနေတယ်လို့ သိရပါတယ်။

“မနက် မနက်ဆို သူတို့ ဒီ စခန်းရဲ့ မြောက်ဘက် ၁ဖာလုံလောက်ရှိတဲ့ နေရာမှ ဂိတ်ချပြီးတော့ မနေ့က ပိုက်ဆံတွေတောင်းတယ်။ ဒီနေ့လည်း တောင်းတယ်ပေါ့နော်”

လို့ ဒေသခံ၁ဦးက BBMကို ပြောပါတယ်။ လက်ရှိအချိန်မှာ စစ်ကောင်စီဟာ နိုင်ငံနဲ့အဝှမ်း နည်းမျိုးစုံနဲ့ပြည်သူလူထုကို ဒုက္ခပေးနေပြီး ကားဂိတ်တွေမှာ ဆက်ကြေးတောင်းခံတာမျိုးတွေ၊ မထင်ရင် မထင်သလို ပေါ်တာဆွဲတာမျိုးတွေ လုပ်ဆောင်လျက်ရှိနေပါတယ်။

Leave a Comment

Latest Post

Latest Post