Sunday, June 29, 2025
Home » (၁)နှစ်အတွင်း ဧရာညီနောင်စစ်ကြောင်းက တိုက်ပွဲ(၁၉)ပွဲတိုက်ကာ၊စစ်ကောင်စီ ၇၄ဦးကိုရှင်းလင်းနိုင်ခဲ့

(၁)နှစ်အတွင်း ဧရာညီနောင်စစ်ကြောင်းက တိုက်ပွဲ(၁၉)ပွဲတိုက်ကာ၊စစ်ကောင်စီ ၇၄ဦးကိုရှင်းလင်းနိုင်ခဲ့

0 12
12

စစ်တပ်သုံးMAသေနတ် အလက်(၂၀)ကျော်နဲ့ လက်နက်ကြီးအချို့ပါသိမ်းဆည်းရရှိ

သတင်း – မင်းသော်

ပဲခူးတိုင်းအခြေစိုက် တပ်ရင်း၃၈၀၁၊ တပ်ခွဲ(၆)၊ဧရာညီနောင်စစ်ကြောင်းမှ တစ်နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ(၁၉)ကြိမ်အထိဖြစ်ပွါးကာ စစ်ကောင်စီတပ်သား ၇၄ဦးထက်မနည်းကို ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ကြီးလက်နက် ၂၀ ကျော်ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဧရာညီနောင်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးထံမှသိရပါတယ်။

၂၀၂၄ခုနှစ် ၅ လပိုင်းမှ ၂၀၂၅ခုနှစ် ၅လပိုင်းအထိ တစ်နှစ်(၁၂လ)အတွင်း နတ်တလင်းမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ မင်းလှမြို့နယ်နဲ့ ပေါင်းတည်မြို့နယ် တို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုက်ပွဲကြီး၊တိုက်ပွဲငယ်တွေဖြစ်ပွါးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“တစ်နှစ်အတွင်းမှာ ၁၉ပွဲလောက်တိုက်ခဲ့ပါတယ်၊ တော်တော်လည်း ပန်းတယ်၊ အကုန်အကျလည်းတော်တော်များတယ်၊ ကိုယ့်ပစ္စည်းနဲ့ကိုယ်တိုက်ရတာလေ” ဟု တပ်ခွဲ(၆)ဧရာညီနောင်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက BBM ကိုပြောပါတယ်။

တစ်နှစ်တာ(၁၂လ)တိုက်ပွဲတွေအတွင်း ပျူစောထီး၁ဦးနဲ့ စစ်ကောင်စီတပ်သား ၇၄ဦးထက်မနည်းရှင်းလင်းနိုင်ခဲ့သလို စစ်ကောင်စီသုံး MA series သေနတ်(၂၁)လက်၊ G-3(၁လက်)၊ ကာဘိုင်(၄)လက်၊ ၆၀ မမ(၂)လက်၊BA၁၀၀(၁)လက်တို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ၎င်းမှဆက်ပြောပါတယ်။

“မှတ်ထားသလောက်ဆို စကစ ဘက်က ၇၀ကျော်ကိုရှင်းနိုင်တယ်၊ လက်နက်ကြီးလက်နက်ငယ်ရတာတွေလည်းရှိတယ်၊ ဒါတောင်ကျွန်တော်တို့ဘက်က လက်နက်တွေသိပ်မပြည့်စုံနေသေးလို့”

အဆိုပါ၁နှစ်တာတိုက်ပွဲအတွင်း တပ်ရင်း(၃၈၀၁)၊တပ်ခွဲ၆၊ ဧရာညီနောင်စစ်ကြောင်းနဲ့အတူ တပ်ရင်း(၃၈၀၂)၊တပ်ရင်း(၃၈၀၄)၊ဗျူဟာ(၂၁)၊ဗျူဟာ(၂၂)၊နတ်စစ်သည်အဖွဲ့တို့မှလည်း ပါဝင်တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးအင်အားစုတွေဘက်မှ ရဲဘော်(၄)ဦးကျဆုံးကာ၊(၈)ဦးဒဏ်ရာရပြီး စိန်ပြောင်း(၂)လက်နဲ့ကျည်အချို့လည်း ဆုံးရှုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Comment

Latest Post

Latest Post