🟥စစ်ကြောင်းထိုးရာတစ်လျှောက်က ပြည်သူတွေကို သတ်ဖြတ်နေတာကြောင့် ဒေသခံတွေညတွင်းချင်း ရှောင်ပြေးနေရ
ကချင်ပြည်နယ်၊ဖားကန့်မြို့၊ အေးမြသာယာကျေးရွာအုပ်စုအတွင်း စစ်ကောင်စီစစ်ကြောင်း ၃ ကြောင်းထက်မနည်းဝင်ရောက်စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိနေတယ်လို့ဒေသခံသတင်းရင်းမြစ်တွေအရ သိရပါတယ်။
၂၀၂၅ခုနှစ် ဇူလိုင်လ၄ရက်(ယမန်နေ့)ညနေပိုင်းလောက်ကစတင်ပြီး ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးမီးရှို့ကာမွှေနှောက်ခဲ့တဲ့ စကစ စစ်ကြောင်းဟာ အေးမြသာယာကျေးရွာအုပ်စုအတွင်း ထပ်မံစစ်ကြောင်းထိုးလာနေပြီး ဖားကန့်ဗျုဟာကုန်းမှလည်း လက်နက်ကြီးပစ်ကူတွေ တောက်လျှောက်ပေးနေတယ်လို့ သိရပါတယ်။
လုံးခင်းကျေးရွာအုပ်စုမှတစ်ဆင့် မှော်ဝမ်းကြီး၊မှော်ဝမ်းလေးနဲ့ အမှိုက်ပုံကျေးရွာတို့ကို ဖြတ်သန်းလာတဲ့ အဲ့ဒီစစ်ကြောင်း၃ကြောင်းဟာ စစ်ကြောင်းတစ်ကြောင်းလျှင် အနည်းဆုံးလူ၂၀၀ခန့်ပါရှိတယ်လို့လည်း သိရပါတယ်။
“လုံးခင်းဘက်ကစစ်ကြောင်းပဲ အေးမြသာယာဘက်ကိုရွှေ့လာတာ၊၊ မှော်ဝိုင်းကြီး၊မှော်ဝိုင်းလေးနဲ့အမှိုက်ပုံကျေးရွာတွေကိုဖြတ်ပြီးရွှေ့လာတာ၊ လမ်းမှာတိုက်ပွဲတွေလည်းဖြစ််တယ်ကြားတယ်။ ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးပစ်နေတာတွေလည်းကြားရတယ်။စစ်ကြောင်းကတော့ အနည်းဆုံး၃ကြောင်းပဲ”
လို့ ဖားကန့်မြို့ဒေသခံတစ်ဦးမှ BBM ကိုပြောပါတယ်။
စစ်ကောင်စီရဲ့ အဲ့ဒီစစ်ကြောင်း ဝင်ရောက်လာတာကြောင့် ဒေသတွင်းကျေးရွာတွေမှပြည်သူတွေအနေနဲ့ ဥရုချောင်းကိုဖြတ်ကာ ဆိုင်းတောင်ဘက်ကို တိုက်ပွဲရှောင်ပြေးလွှားနေရတယ်လို့သိရပါတယ်။
ဒါ့အပြင် အဲ့ဒီစစ်ကြောင်းဟာ လုံးခင်းကျေးရွာအုပ်စုအတွင်း ဖြတ်သန်းသွားလာစဥ်ကလည်း စစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူ၃၀ထက်မနည်း သေဆုံးခဲ့သေးတယ်လို့လည်း သိရပါတယ်။
“စစ်ကြောင်းကိုကြောက်လို့ ဒေသခံတွေကတော့ ဥရုချောင်းကိုကျော်ပြီး ဆိုင်းတောင်ဘက်ကိုပြေးနေကြတာတွေရှိတယ်၊ ဒီစစ်ကြောင်းက လုံးခင်းမှာ ထိုးကတည်းက သူတို့မြင်ရာ ပြည်သူတွေကို ရက်ရက်စက်စက်သတ်တာတွေလည်းလုပ်ခဲ့တယ်”
လို့ အဆိုပါဒေသခံမှ ဆက်ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ တော်လှန်ရေးအင်အားစုတွေစိုးမိုးထားတဲ့ ဖားကန့်မြို့ကို၂၀၂၅ခုနှစ် မေလနောက်ဆုံးအပတ်မှစတင်ကာ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာဖြစ်ပြီး အဲ့ဒီစစ်ကြောင်းဝင်ရောက်လာပြီ းချိန်မှစပြီး အခုချိန်ထိ ပြည်
သူ၄၀ကျော်ကို သတ်ဖြတ်ထားတယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်တွေအရ သိရပါတယ်။
1 comment
🙏