Wednesday, March 18, 2026
Home » အီရန်အသင်း ကမ္ဘာ့ဖလားဝင်ကစားရင်လည်း ဂရုမစိုက်ကြောင်း ထရမ့် ပြောကြား

အီရန်အသင်း ကမ္ဘာ့ဖလားဝင်ကစားရင်လည်း ဂရုမစိုက်ကြောင်း ထရမ့် ပြောကြား

1 27
27

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နွေရာသီမှာကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်း ပါဝင်ကစားရင်လည်း ဂရုမစိုက်ကြောင်း ပြောခဲ့ပါတယ်။

အမေရိကန်ဟာ မက္ကဆီကို၊ ကနေဒါနိုင်ငံတွေနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၁ ရက်ကနေ ဇူလိုင်လ ၁၉ ရက်အထိ ကျင်းပမှာပါ။

ပြိုင်ပွဲမှာ အီရန်အသင်း ယှဉ်ပြိုင်ရေးအပေါ် မေးမြန်းမှုကို ထရမ့်က ”ကျွန်တော် တကယ်ဂရုမစိုက်ပါဘူး။ အီရန်ဟာ အလွန်ဆိုးရွားတဲ့ စစ်ရှုံးနိုင်ငံတစ်ခုလို့ ကျွန်တော် ယူဆပါတယ်။ သူတို့မှာ မီးခိုးတွေကြားမှာ လျှောက်လှမ်းနေကြပါတယ်”လို့ ပြောခဲ့ပါတယ်။

အီရန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု G မှာ ဘယ်လ်ဂျီယံ၊ နယူးဇီလန်၊ အီဂျစ်အသင်းတွေနဲ့ အတူကျရောက်နေတာပါ။

အီရန်အသင်းရဲ့ အုပ်စုပွဲ သုံးပွဲစလုံးကလည်း အမေရိကန်မြေမှာပဲ ကစားရမှာဖြစ်တယ်။

ဒါပေမဲ့ အီရန်ရဲ့အုပ်စုပွဲတွေမှာ မက္ကဆီကိုမှာ ပြောင်းကစားဖို့ရှိတယ်လို့ သတင်းတွေလည်း ထွက်နေပါတယ်။

#bbmnews#bbm#bbmtv#trump#SportsNews#Iran

1 comment

Zayar moe March 4, 2026 - 10:41 am

အကုန်စားတယ် နော် 😁

Reply

Leave a Comment

Latest Post

Latest Post