မတ်လ၃၀ရက်နေ့(မနက်ဖြန်)မှာ သမ္မတနဲ့ ဒုသမ္မတတွေကို ရွေးချယ်ရန် လွှတ်တော်ကိုယ်စားလှယ်အသီးသီးက အဆိုပြုရွေးချယ်ရမဲ့ အစည်းအဝေးတွေကို နေပြည်တော်လွှတ်တော်အတွင်း စတင်ပြုလုပ်တော့မယ်လို့ သိရပါတယ်။
စစ်ခေါင်းဆောင်တွေအနေနဲ့ ၎င်းတို့စိတ်တိုင်းကျ စီမံထားတဲ့ ရွေးကောက်ပွဲကတဆင့် လွှတ်တော်ခေါ်ယူပြီးနောက် သမ္မတအဖြစ် မင်းအောင်လှိုင်ကပင် ဆက်လက်တာဝန်ယူမည်ဖြစ်ပြီး လက်ရှိဒုချုပ်စိုးဝင်က ကာကွယ်ရေးဦးစီးချုပ်(ကြည်း၊ ရေ၊ လေ) အဖြစ် ဆက်လက်တာဝန်ယူသွားမယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေအရ သိရပါတယ်။
သမ္မတနဲ့ ဒုသမ္မတတွေရွေးချယ်ရာမှာ စစ်တပ်ကိုယ်စားလှယ်အဖွဲ့က မင်းအောင်လှိုင်ကိုအဆိုပြုပြီး၊ ပြည်ထောင်စုလွှတ်တော်မှ ညိုစောနဲ့ အမျိုးသားလွှတ်တော်မှ ဒေါ်ဒွဲဘူတို့ကို အဆိုတင်သွင်းမယ်လို့ သိရပါတယ်။
အဲ့ကတဆင့် မင်းအောင်လှိုင်ကို သမ္မတ၊ ညိုစော ကိုဒုသမ္မတနဲ့ ဒေါ်ဒွဲဘူကို ဒုသမ္မတ၂ အဖြစ်ခန့်အပ်သွားဖို့အတွက် မင်းအောင်လှိုင်က ကြိုတင်စီစဥ်ထားတယ်လို့ သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
ဒါ့အပြင် တပ်တွင်းရာထူးအချိန်းအပြောင်းအချို့လည်း ရှိလာမှာဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် လက်ရှိ ဒုချုပ်ဖြစ်တဲ့ စိုးဝင်းကို မင်းအောင်လှိုင်က နေရာယူစေသလို အခြားထိပ်ပိုင်းအရာရှိအချို့လည်း အရွှေ့အပြောင်းတွေရှိလာမယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေအရ သိရပါတယ်။